ဖီလာဒဲလ်ဖီးယားမြို့ – ဖီလာဒဲလ်ဖီးယားမြို့၏ အရည်အသွေးကောင်းမွန်၍ အခမဲ့ဖြစ်သော pre-K ပရိုဂရမ်ဖြစ်သည့် PHLpreK သည် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ စတင်တည်ထောင်သော ၂၀၁၇ ခုနှစ်မှစ၍ PHLpreK သည် ကျောင်းသားပေါင်း ၁၀,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်ရာ ၂၀၂၁-၂၀၂၂ ခုနှစ် စာသင်နှစ်သည် ယခုပရိုဂရမ်အတွက် အခွင့်အရေးအများဆုံး စာသင်နှစ်ဖြစ်ပါလိမ့်မည်။

ယခုစာသင်နှစ်သည် PHLpreK ၏ ပဥ္စမမြောက်စာသင်နှစ်ဖြစ်သည်။ PHLpreK ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။ ယခုနှစ်ပရိုဂရမ်သည် မြို့အနှံ့ရှိ pre-K စင်တာပေါင်း ၁၄၀ တွင် ကျောင်းသားပေါင်း ၄,၀၀၀ ကို ဝန်ဆောင်မှုပေးရန် PHLpreK ကျောင်းသားသစ် ၇၀၀ စာအတွက် နေရာဖန်တီးပေးသွားမှာဖြစ်ပါသည်။ စိတ်ပါဝင်စားသော မိသားစုများအနေဖြင့် ပါဝင်သည့် စင်တာများတွင် တိုက်ရိုက်ဝင်ရောက်ကြည့်ရှုပါသို့မဟုတ် ပရိုဂရမ်ကိုရှာဖွေရန် 844-PHL-PREK (844-745-7735) ကိုဆက်သွယ်ပါ။ မိသားစုဝင်ငွေမည်မျှရှိသည်ဖြစ်စေ စက်တင်ဘာလ ၁ ရက်တွင် အသက် ၃ နှစ် သို့မဟုတ် ၄ နှစ်ပြည့်ပြီးသော ရင်သွေးတိုင်းအတွက် အကျုံးဝင်ပါသည်။

“လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဖီလာဒဲလ်ဖီးယားမြို့ဟာ ကျောင်းသားဦးရေ ၁၀,၀၀၀ ကျော်အတွက် အရည်အသွေးကောင်းမွန်ပြီး အခမဲ့ဖြစ်တဲ့ pre-K ပရိုဂရမ်ထောက်ပံ့ပေးခဲ့တယ်။ အဆိုပါ ၁၀,၀၀၀ သည် တစ်သက်တာလေ့လာသူတွေ၊ အောင်မြင်သူတွေနဲ့ အနာဂတ်ခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့မြို့ကို ဂုဏ်ဆောင်ပေးခဲ့တဲ့ မြို့ခံကျောင်းသားတွေရဲ့ အောင်မြင်မှုခြေလှမ်းအားလုံးကို မြင်တွေ့ချင်လှပြီ။ ဒီနှစ်ဆိုရင် PHLpreK က မြို့အနှံ့မှာရှိတဲ့ pre-K စင်တာတွေနဲ့ ထပ်မံပူးပေါင်းပြီး ကလေးဦးရေနဲ့ မိသားစုအရေအတွက်တွေကို တိုးမြှင့်ဝန်ဆောင်မှုပေးသွားမှာဖြစ်လို့ ဒီစာသင်နှစ်က ကျွန်တော်တို့ရဲ့ ကျောင်းသားအများဆုံးအတန်းဖြစ်မှာပါ။ အခုလို ပရိုဂရမ်အောင်မြင်ပြီး ဖွံ့ဖြိုးလာလို့ ရင်ခုန်ဝမ်းမြောက်မိတယ်၊ ပြီးတော့ ဖီလာဒဲလ်ဖီးယားမြို့နေ မိသားစုတွေနဲ့ မြို့ခံ လုပ်ငန်းတွေကောင်းကျိုးအတွက် pre-K ကိုထောက်ပံ့ပေးခဲ့တဲ့ ဖီလာဒဲလ်ဖီးယားမြို့ယမကာဆိုင်ရာအခွန်ဌာနနဲ့ တခြားပံ့ပိုးသူတွေကိုလည်း ဂုဏ်ယူမိပါတယ်” ဟု မြို့တော်ဝန် ဂျင်မ်ကင်နီက ပြောကြားခဲ့သည်။

“ဘတ်စ်တယ်တင်သင်ကြားရေးစင်တာဟာ ၂၀၁၉ ခုနှစ်မှာ PHLpreK ထောက်ပံ့သူဖြစ်လာတယ်။ မိသားစုဝင်ငွေဘယ်လောက်ဖြစ်ပါစေ ဘာအလုပ်အကိုင်ပဲလုပ်ပါစေ မိသားစုတွေနဲ့ ရင်သွေးတွေကို ပညာတတ်မြောက်ရေးပရိုဂရမ်မှာတက်ရောက်နိုင်ခွင့် ရရှိစေခြင်း၊ နေ့စဉ်အစားအသောက်၊ ဆရာနဲ့ ဝန်ထမ်းထောက်ပံ့မှုများပံ့ပိုးပေးခြင်းတို့အပြင် သူတို့ရင်သွေးတွေနဲ့ မိသားစုဝင်တွေရဲ့ ဘဝတိုးတက်ရေးအတွက် အတူဆောင်ရွက်နိုင်တဲ့ အသိုင်းအဝိုင်းတစ်ခု ဖန်တီးပေးခဲ့တဲ့ PHLpreK ရဲ့ စွမ်းဆောင်မှုကြောင့် ဝမ်းမြောက်ပီတိဖြစ်ရတယ်။ ဒီပရိုဂရမ်ရဲ့ ပဉ္စမမြောက်ဖြစ်ပြီး ကျောင်းသားဦးရေအများဆုံးအတန်းမှာ အရေးကြီးတာဝန်ကို ပါဝင်ထမ်းဆောင်ခွင့်ရလို့ ဂုဏ်ယူပါတယ်” ဟု ဘတ်စ်တယ်တင်သင်ကြားရေးစင်တာ၏ အလုပ်အမှုဆောင်ဒါရိုက်တာနှင့် ပူးတွဲပိုင်ရှင်ဖြစ်ပြီး PHLpreK ထောက်ပံ့သူတစ်ဦးဖြစ်တဲ့ အလီယာဂျွန်စင်ရောဘတ်စ်က ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ အသက်အငယ်ဆုံးစာသင်သားတွေဘဝကနေ လူနည်းစုသာပါဝင်တဲ့ အသိုင်းအဝိုင်းတွေအုတ်မြစ်တွေနဲ့ အမျိုးသမီးပိုင်လုပ်ငန်းတွေအထိ အားလုံးကိုထောက်ပံ့ပေးတဲ့ မြို့ခံဝန်ဆောင်မှုတစ်ခုအတွက် PHLpreK ဟာ ဥပမာကောင်းတစ်ခုဖြစ်တယ်။ ရင်သွေးတွေကို အရည်အသွေးကောင်းမွန်ပြီး အခမဲ့ဖြစ်တဲ့ pre-K မှာစာသင်စေပြီး မိသားစုဝင်တွေက အလုပ်ဆင်းတာ ကျောင်းတက်တာတွေ လုပ်နိုင်သလို ကျွန်မတို့ရဲ့ စာသင်ဆရာတွေအနေနဲ့လည်း ဒီရင်သွေးတွေကို မူကြိုမတက်ခင်နဲ့ ရေရှည်သင်ရမယ့်အတန်းပညာမတက်ခင် ပြင်ဆင်ပေးရတော့ သူတို့မြတ်နိုးတဲ့အလုပ်ကို လုပ်ဆောင်ပေးနေကြတယ်” ဟု ဖီလာဒဲလ်ဖီးယားမြို့ ကလေးသူငယ်နှင့်မိသားစုအရေးဌာနမှ ဒုတိယမြို့တော်ဝင် စင်သီယာဖစ်ဂူရိုရာက ပြောကြားခဲ့သည်။

PHLpreK သည် ဖီလာဒဲလ်ဖီးယားမြို့၏ကလေးသူငယ်များကို ကောင်းမွန်တိုးတက်သောအခြေခံပညာရေးစနစ်ကို ပေးစွမ်းမည့် အရည်အသွေးကောင်းမွန်၍ အခမဲ့ဖြစ်သော pre-K ပရိုဂရမ်ဖြစ်ပါသည်။ ဖီလာဒဲလ်ဖီးယားမြို့အဖျော်ယမကာဆိုင်ရာ အခွန်ဌာနမှ ငွေကြေးထောက်ပံ့သော PHLpreK သည် ဖီလာဒဲလ်ဖီးယားမြို့အနှံ့ရှိ မိသားစုများအနေဖြင့် တန်ဖိုးသင့်၍ အရည်အသွေးကောင်းသော ကလေးသူငယ်အစောပိုင်းပညာရေး အခွင့်အရေးများကို ရရှိပိုင်ဆိုင်စေရန် အကူအညီပေးခြင်းဖြစ်ပါသည်

###