PHLpreK အတွက် စာရင်းသွင်းအပ်နှံခြင်းလက်ခံပါပြီ။
စတင်တည်ထောင်သော ၂၀၁၇ ခုနှစ်မှစပြီး PHLpreK သည် ကျောင်းသားပေါင်း ၁၀,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်သည်။ ယခုစာသင်နှစ်တွင်လည်း အရည်အသွေးကောင်း၍ အခမဲ့ဖြစ်သော PHLpreK ပရိုဂရမ်သည် မြို့အနှံ့ရှိ နေရာပေါင်း ၁၆၀ ကျော်တွင် ကျောင်းသားပေါင်း ၄၀၀၀ ကျော်လက်ခံပေးသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အကောင်းဆုံးစာသင်နှစ်ကနေ သင်၏မိသားစုကို ကြိုဆိုရန်အသင့်ဖြစ်နေပါပြီ။
PHLpreK ကို ဖီလာဒဲလ်ဖီးယားမြို့တွင် နေထိုင်သော အသက် ၃ နှစ်နှင့် ၄ နှစ်အရွယ်ကလေးများအတွက် လျှောက်ထားခွင့်ရှိသည်။ သင်၏ ရင်သွေးငယ်သည် အောက်ပါတို့နှင့် ကိုက်ညီပါက PHLpreK ၂၀၂၁-၂၂ ခုနှစ် စာသင်နှစ်အတွက် စာရင်းသွင်းအပ်နှံနိုင်သည် –
- သင်၏ရင်သွေးသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အသက် ၃ နှစ် သို့မဟုတ် ၄ နှစ်ပြည့်ပြီးလျှင်
- ဖီလာဒဲလ်ဖီးယားမြို့တွင် နေထိုင်သူဖြစ်လျှင်
ဤနေရာတွင် ဝင်ငွေသက်သေခံလိုအပ်ချက်များ သို့မဟုတ် အလုပ်အကိုင်လိုအပ်ချက်များမရှိပါ။
သင်နှင့်နီးစပ်ရာရှိ အရည်အသွေးကောင်းမွန်၍ အခမဲ့ဖြစ်သော ပရိုဂရမ်ကိုရှာဖွေရန် ကျွန်ုပ်တို့၏ လက်ရှိ PHLpreK ပရိုဂရမ်များ ကိုကြည့်ပါ သို့မဟုတ် 1-844-PHL-PREK ကိုခေါ်ဆိုပါ။
PHLpreK တွင် စာရင်းသွင်းအပ်နှံရန် သူတို့၏ပရိုဂရမ်ထဲတွင် ပါဝင်သောမည်သည့် ပရိုဂရမ်ကိုမဆို တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ အကူအညီရယူလိုပါက 1-844-PHL-PREK ကိုခေါ်ဆို၍ လျှောက်ထားပုံအဆင့်ဆင့် စတင်လုပ်ဆောင်နည်းအကြောင်း ပြည့်စုံစွာလေ့လာပါ။
စာရင်းသွင်းအပ်နှံရန် မိသားစုများအနေဖြင့် အောက်ပါအကြောင်းအရာများ လိုအပ်ပါလိမ့်မည် –
- အသက်ပြည့်ကြောင်း ထောက်ခံစာ၊ ဥပမာ –
- မွေးစာရင်း၊
- သက်တမ်းမကုန်ဆုံးသော ယူအက်စ်ပတ်စ်ပို့၊
- လူမှုဖူလုံရေးကတ်ပြား၊
- ကျန်းမာရေး သို့မဟုတ် အတန်းပညာမှတ်တမ်းများ။
- အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာ၊ ဥပမာ –
- ပြည်နယ်ထုတ် သက်သေခံကတ်ပြား သို့မဟုတ် ယာဉ်မောင်းလိုင်စင်၊
- မဲဆန္ဒရှင်သက်သေခံကတ်ပြား၊
- အကျုံးဝင်နေဆဲ အငှားချ သို့မဟုတ် အငှားစာချုပ်၊
- လူမှုဖူလုံရေးပေးအပ်ထားသည့်စာ။
- PHLpreK လျှောက်လွှာအပြည့်အစုံ။ အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့် PHLpreK လျှောက်လွှာကို ဒေါင်းလုတ်ရယူပါ။ သို့မဟုတ် အခြားဘာသာများအတွက် –
သင်ရွေးချယ်ထားသော ပါဝင်သည့်ပရိုဂရမ်ကို ဖုန်းဖြင့်သော်လည်းကောင်း အီးမေးလ်ဖြင့်သော်လည်းကောင်း ဆက်သွယ်၍ သတ်မှတ်လူဦးရေပြည့်မပြည့်အတည်ပြုကာ စာရင်းသွင်းအပ်နှံခြင်းတွင် လိုအပ်ချက်များ ဖြည့်စွက်နည်းအကြောင်းစုံစမ်းပါ။
PHLpreK ကူညီသူများသည် ဒေသဆိုင်ရာ၊ ပြည်နယ်ဆိုင်ရာနှင့် အမျိုးသားကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါမည်။
PHLpreK သည် ဖီလာဒဲလ်ဖီးယားမြို့၏ကလေးသူငယ်များကို ကောင်းမွန်တိုးတက်သောအခြေခံပညာရေးစနစ်ကို ပေးစွမ်းမည့် အရည်အသွေးကောင်းမွန်၍ အခမဲ့ဖြစ်သော pre-K ပရိုဂရမ်ဖြစ်ပါသည်။ ဖီလာဒဲလ်ဖီးယားမြို့အဖျော်ယမကာဆိုင်ရာ အခွန်ဌာနမှ ငွေကြေးထောက်ပံ့သော PHLpreK သည် ဖီလာဒဲလ်ဖီးယားမြို့အနှံ့ရှိ မိသားစုများအနေဖြင့် တန်ဖိုးသင့်၍ အရည်အသွေးကောင်းသော ကလေးသူငယ်အစောပိုင်းပညာရေးအခွင့်အရေးများကို ရရှိပိုင်ဆိုင်စေရန် အကူအညီပေးခြင်းဖြစ်ပါသည်။