Pasar al contenido principal

Traducir

Parece que el idioma del dispositivo está configurado en. ¿Quieres traducir esta página?

Recursos de protección de los trabajadores: birmano

Tenga en cuenta que la Ley para proteger a nuestros trabajadores, hacer valer sus derechos (POWER) se promulgó el 27 de mayo de 2025 y entró en vigor de inmediato. La Ley POWER modificó muchas de las leyes que aplica la Oficina de Protección al Trabajador, y la Oficina está actualizando todos los materiales y reglamentos afectados. Publicaremos las actualizaciones a medida que estén finalizadas. Consulte el texto de la Ley POWER para obtener información actualizada sobre las leyes aplicables que se han visto afectadas.

ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်မှာ အလုပ်သမားကာကွယ်ရေး ဥပဒေများကို လက်တွေ့အသက်ဝင်စေခြင်းနှင့် လွှမ်းခြုံမှုအဝန်းအဝိုင်း တိုးမြှင့်ခြင်းအားဖြင့် အဆင့်မြှင့်တင်ပေးပြီးနောက် ပံ့ပိုးထိန်းသိမ်းပေးခြင်းနှင့်အတူ စီးပွားရေးဆိုင်ရာ စိတ်ချလုံခြုံမှုနှင့် လူမျိုးရေးအရ တရားမျှတမှုတို့ကို မြှင့်တင်ရန်အတွက် အားစိုက်ဆောင်ရွက်ခြင်း ဖြစ်သည်။ အကျိုးခံစားခွင့်နှင့် လုပ်ခလစာဆိုင်ရာ စည်းကမ်းကြပ်မတ်ရေး ရုံးသည် မြို့၏ နယ်နိမိတ်အတိုင်းအတာအတွင်း အလုပ်လုပ်နေသူများအနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်နိုင်ကြောင်း သေချာစေပါသည် –

  • လစာဖြင့် နာမကျန်းခွင့်ယူခြင်းဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို တိုင်ကြားနိုင်ခြင်း
  • လုပ်ခလစာ အပြည့်အဝမပေးချေခြင်းဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို တိုင်ကြားနိုင်ခြင်း
  • ကားရပ်နားရန်နေရာ တာဝန်ကျဝန်ထမ်းများကို မှားယွင်းစွာအလုပ်ထုတ်ပယ်မှုတစ်ခုအား တိုင်ကြားနိုင်ခြင်း
  • သင့်တင့်မျှတသော အလုပ်ချိန်ရက်သတ္တပတ်ဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို တိုင်ကြားနိုင်ခြင်း
  • အိမ်တွင်းအလုပ်သမားများ၏ အခွင့်အရေး ဥပဒေကြမ်းဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို တိုင်ကြားနိုင်ခြင်း
  • COVID-19

ကျွန်ုပ်တို့ရုံးသည် စောဒကတက်တိုင်ကြားမှု လုပ်ငန်းစဉ်အတွင်း အပြန်အလှန်ပြောဆိုဆက်ဆံမှုများအားလုံးကို ကိုင်တွယ်ပေးပါသည်။ သင်၏ စောဒကတက်တိုင်ကြားမှုကို အချိန်မရွေးပြန်လည်ရုပ်သိမ်းနိုင်ပါသည်။

215.686.0802

အလုပ်ရှင်များက လက်တုံ့ပြန်ခြင်းသည် နိုင်ငံသားဖြစ်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဆင့်အတန်းသတ်မှတ်ချက် မည်သို့ရှိသည်ဖြစ်စေ ဥပဒေနှင့်မညီညွတ်ပါ။

ကျွန်ုပ်တို့ထံ အောက်ပါအတိုင်းဆက်သွယ်ပါ –

ဘာသာစကားပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုကို ရယူနိုင်ပါသည်။

ဝန်ထမ်းများအနေဖြင့် –

အကျိုးခံစားခွင့်နှင့် လုပ်ခလစာဆိုင်ရာ စည်းကမ်းကြပ်မတ်ရေး ရုံးသို့ ဆက်သွယ်ခြင်းအားဖြင့် စောဒကတက်မှုတစ်ခု တင်သွင်းပါ သို့မဟုတ် မေးခွန်းများမေးမြန်းပါ။

စာသားဖြင့်ပို့သော စာတိုများ၊ ငွေပေးချေမှုလက်ခံဖြတ်ပိုင်းများကဲ့သို့သော သင်၏အလုပ်ရှင်ထံမှ ဆက်သွယ်ပြောဆိုထားသည်များနှင့် အလုပ်အချိန်ဇယား ဓာတ်ပုံများအားလုံးကို သိမ်းထားခြင်းဖြင့် သင့်ကိုယ်သင်ကာကွယ်ပါ။

အလုပ်ရှင်များအနေဖြင့် –

အကျိုးခံစားခွင့်နှင့် လုပ်ခလစာဆိုင်ရာ စည်းကမ်းကြပ်မတ်ရေး ရုံးသို့ ဆက်သွယ်ခြင်းအားဖြင့် စည်းကမ်းကြပ်မတ်မှုဆိုင်ရာ အကူအညီကို တောင်းခံပါ သို့မဟုတ် မေးခွန်းများမေးမြန်းပါ။

Documentos

Título Descripción Categoría Autor Fecha Formato
Folleto de 5 leyes en PDF Filadelfia 6 de noviembre de 2020
Folleto sobre la lucha contra la enfermedad lado a lado en PDF ဤလက်ကမ်းစာစောင်သည် လုပ်ခလစာအပြည့်အဝမပေးချေခြင်းနှင့် နာမကျန်းခွင့်ဆိုင်ရာ ဥပဒေများကို ရှင်းလင်းဖော်ပြပြီး ချိုးဖောက်မှုဆိုင်ရာ နမူနာများကို စာရင်းပြုစုဖော်ပြပါသည်။ 10 de noviembre de 2020
Parte superior