Ir para o conteúdo principal

Traduzir

Parece que o idioma do seu dispositivo está definido como. Você gostaria de traduzir esta página?

Recursos de proteção ao trabalhador — birmanês

Observe que a Lei Proteja Nossos Trabalhadores, Reforce os Direitos (POWER) foi sancionada em 27 de maio de 2025 e entrou em vigor imediatamente. A Lei POWER alterou muitas das leis que o Escritório de Proteção ao Trabalhador aplica, e o Escritório está atualizando todos os materiais e regulamentos afetados. Publicaremos atualizações assim que forem finalizadas. Consulte o texto da Lei POWER para obter informações atualizadas sobre as leis aplicáveis que foram afetadas.

ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်မှာ အလုပ်သမားကာကွယ်ရေး ဥပဒေများကို လက်တွေ့အသက်ဝင်စေခြင်းနှင့် လွှမ်းခြုံမှုအဝန်းအဝိုင်း တိုးမြှင့်ခြင်းအားဖြင့် အဆင့်မြှင့်တင်ပေးပြီးနောက် ပံ့ပိုးထိန်းသိမ်းပေးခြင်းနှင့်အတူ စီးပွားရေးဆိုင်ရာ စိတ်ချလုံခြုံမှုနှင့် လူမျိုးရေးအရ တရားမျှတမှုတို့ကို မြှင့်တင်ရန်အတွက် အားစိုက်ဆောင်ရွက်ခြင်း ဖြစ်သည်။ အကျိုးခံစားခွင့်နှင့် လုပ်ခလစာဆိုင်ရာ စည်းကမ်းကြပ်မတ်ရေး ရုံးသည် မြို့၏ နယ်နိမိတ်အတိုင်းအတာအတွင်း အလုပ်လုပ်နေသူများအနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်နိုင်ကြောင်း သေချာစေပါသည် –

  • လစာဖြင့် နာမကျန်းခွင့်ယူခြင်းဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို တိုင်ကြားနိုင်ခြင်း
  • လုပ်ခလစာ အပြည့်အဝမပေးချေခြင်းဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို တိုင်ကြားနိုင်ခြင်း
  • ကားရပ်နားရန်နေရာ တာဝန်ကျဝန်ထမ်းများကို မှားယွင်းစွာအလုပ်ထုတ်ပယ်မှုတစ်ခုအား တိုင်ကြားနိုင်ခြင်း
  • သင့်တင့်မျှတသော အလုပ်ချိန်ရက်သတ္တပတ်ဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို တိုင်ကြားနိုင်ခြင်း
  • အိမ်တွင်းအလုပ်သမားများ၏ အခွင့်အရေး ဥပဒေကြမ်းဆိုင်ရာ ချိုးဖောက်မှုတစ်ခုကို တိုင်ကြားနိုင်ခြင်း
  • COVID-19, A DOENÇA DE COVID-19, A DOENÇA DE ALFÂNDEGA, A...

ကျွန်ုပ်တို့ရုံးသည် စောဒကတက်တိုင်ကြားမှု လုပ်ငန်းစဉ်အတွင်း အပြန်အလှန်ပြောဆိုဆက်ဆံမှုများအားလုံးကို ကိုင်တွယ်ပေးပါသည်။ သင်၏ စောဒကတက်တိုင်ကြားမှုကို အချိန်မရွေးပြန်လည်ရုပ်သိမ်းနိုင်ပါသည်။

စောဒကတက်မှုတစ်ခု တင်သွင်းရန်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားနှင့် အလုပ်ခွင်မှ ခွင့်ပြုချက်တို့ကို မလိုအပ်ပါ။ ဖုန်းမှတဆင့် မည်သည့်ဘာသာစကားဖြင့်မဆို စောဒကတက်မှုတစ်ခုကို တင်သွင်းရန် 215.686.0802 သို့ ခေါ်ဆိုပါ။

အလုပ်ရှင်များက လက်တုံ့ပြန်ခြင်းသည် နိုင်ငံသားဖြစ်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဆင့်အတန်းသတ်မှတ်ချက် မည်သို့ရှိသည်ဖြစ်စေ ဥပဒေနှင့်မညီညွတ်ပါ။

ဘာသာစကားပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုကို ရယူနိုင်ပါသည်။

အကျိုးခံစားခွင့်နှင့် လုပ်ခလစာဆိုင်ရာ စည်းကမ်းကြပ်မတ်ရေး ရုံးသို့ ဆက်သွယ်ခြင်းအားဖြင့် စောဒကတက်မှုတစ်ခု တင်သွင်းပါ သို့မဟုတ် မေးခွန်းများမေးမြန်းပါ။

စာသားဖြင့်ပို့သော စာတိုများ၊ ငွေပေးချေမှုလက်ခံဖြတ်ပိုင်းများကဲ့သို့သော သင်၏အလုပ်ရှင်ထံမှ ဆက်သွယ်ပြောဆိုထားသည်များနှင့် အလုပ်အချိန်ဇယား ဓာတ်ပုံများအားလုံးကို သိမ်းထားခြင်းဖြင့် သင့်ကိုယ်သင်ကာကွယ်ပါ။

အကျိုးခံစားခွင့်နှင့် လုပ်ခလစာဆိုင်ရာ စည်းကမ်းကြပ်မတ်ရေး ရုံးသို့ ဆက်သွယ်ခြင်းအားဖြင့် စည်းကမ်းကြပ်မတ်မှုဆိုင်ရာ အကူအညီကို တောင်းခံပါ သို့မဟုတ် မေးခွန်းများမေးမြန်းပါ။

Documentos

Título Descrição Categoria Autor Data Formato
Folheto de 5 leis em PDF ဤလက်ကမ်းစာစောင်သည် Philadelphia မြို့၏ အလုပ်သမားရေးရာ ဥပဒေ ၅ရပ်အကြောင်း ရှင်းလင်းဖော်ပြပြီး ချိုးဖောက်မှုဆိုင်ရာ နမူနာများကို စာရင်းပြုစုဖော်ပြပါသည်။ 6 de novembro de 2020
Folheto sobre salários doentes lado a lado em PDF ဤလက်ကမ်းစာစောင်သည် လုပ်ခလစာအပြည့်အဝမပေးချေခြင်းနှင့် နာမကျန်းခွင့်ဆိုင်ရာ ဥပဒေများကို ရှင်းလင်းဖော်ပြပြီး ချိုးဖောက်မှုဆိုင်ရာ နမူနာများကို စာရင်းပြုစုဖော်ပြပါသည်။ 10 de novembro de 2020
Topo